အောင်အေးချမ်း (ရင်စူးမြား)မှ | | |စာချစ်သူများကို| | |နွေးထွေးစွာ ကြိုဆိုပါတယ် ★

Sunday, April 7, 2013

မသိလိုက်ဘူး



မသိလိုက်ဘူး

မသိလိုက်ဘူး
အနားမှာလင်း ငွေလမင်းလေး
ထွန်းဝင်းတောက်ပ သာနေတာ။

မသိလိုက်ဘူး
လမင်းနဘေး ကြယ်စင်လေးတွေ
တေးသီကျူးရင့် ပျော်နေတာ။

မသိလိုက်ဘူး
လရောင်ဖြန့်လင်း ပန်းတစ်ခင်းလုံး
သင်းသင်းပျံ့ပျံ့ မွှေးနေတာ။

မသိလိုက်ဘူး
လိပ်ပြာပိတုံး ပျားအမုန်းတွေ
မြှားတစ်ဆုံးလို စူးနေတာ။

မသိလိုက်ဘူး
တစ်ခါတစ်ရံ မရှာကြံပဲ
လာမှန်တဲ့မြှား နက်နေတာ။

သြော် …
ဖန်လာခံခက် ဒါဏ်ရာချက်တွေ
သွေးပွက်ပွက်ထ ထွေးဖက်ညမှာ
ငွေလအရှင်း ထွန်းရောင်ကင်းလို့
အလင်းမရှိ မှောင်အတိလည်း
မသိလိုက်ဘူး ။      


ဖိုးစည် (4C)

0 ဦး ပြန်ပြောထားသည်:

Post a Comment

↓ မိတ်ဆွေတို့ရဲ့ အမြင်လေးတွေ ပြောပြပေးခဲ့နိုင်ပါတယ် ↓