အောင်အေးချမ်း (ရင်စူးမြား)မှ | | |စာချစ်သူများကို| | |နွေးထွေးစွာ ကြိုဆိုပါတယ် ★

Sunday, April 7, 2013

ဒိန်းဂျား



ဒိန်းဂျား (Danger)

ရန်ကုန်တဲ့
အဆန်အစုန် သွားနေသူတွေကြား
ထီးဖြူ ဖိနပ်ပါး သူတွေလည်း ရှိ
မညည်းမညူ မရပ်မနား နေသူတွေလည်း ရှိ။

အမေမပြောလည်း အမောပြေ
အချောမေတွေက တပင်တပုံ
ရင်ခုန်စရာလေးတွေ ငေးမလား
သမင် ယုန်စာလေးတွေ ကျွေးမလား
ကစားမလား နားမလား။

ရပ် ကြည့် သွား
မီးပွိုင့်တွေထားတာ အလကားမဟုတ်
ဒုက္ခက ပျားရည်လိုမချို
ပျိုပျိုအိုအို ကိုကိုဘဘ
ခလုတ်ထိမှ အမိမတစေချင်။

အော်အော်အော် စော်မဒီလေး မိုက်တယ်
ဘော်ဘော်ဘော် ဘော်ဒီလေး ခိုက်တယ်
ခေါ်ခေါ်ခေါ် ခေါ်အကြည်လေး စိုက်မယ်
ကော်ကော်ကော် ကော်ဖီလေး တိုက်မယ်
တော်တော်တော် တော်ကီလေး ရွှိုက်မယ်။

သွားသွားသွား သွားမလုပ်နဲ့
ပျားပျားပျား ပျားတုပ်မယ်
ဘုရားဘုရားဘုရား သွား .. ဟုတ်ကဲ့
တရားတရားတရား .. အားထုတ်ခဲ့။

သြသြသြ သြကာသ
ရောရောရော ရောကာချ
ဟောဟောဟော ဟောမှာဗျ
ချောချောချော ချောတာကွ။

ငါငါငါ လိုက်သွားလိုက်မယ်
အာအာအာ ငမိုက်သားစရိုက်ရယ်
မကြာပါကွာ အရှိုက်သွားခိုက်တယ်။

မှတ်ပြီလား ငါပြောသတိစကား
ကောင်မလေးတွေ သွားမလုပ်နဲ့ ဒိန်းဂျား
တစ်ယောက်တစ်မျိုးနဲ့ ရွှေ့လိုက်လိမ့်မယ် ဒိန်းဂျား
ရန်ကုန်မြို့က အချောအလှတွေ ဒိန်းဂျား
ဒိန်းဒိန်းဒိန်း ဒိန်းဒိန်း ဒိန်းဂျား။         


Snare ၏ Danger သီချင်းအား ပြန်လည်ခံစား ရေးဖွဲ့ပါသည်။

ဖိုးစည်

0 ဦး ပြန်ပြောထားသည်:

Post a Comment

↓ မိတ်ဆွေတို့ရဲ့ အမြင်လေးတွေ ပြောပြပေးခဲ့နိုင်ပါတယ် ↓