ခ ဝါ ချထားကာမှ
ပကာသနလို အရောင်စင်တွေ
ထွက်လှချည့်
တစ်ဖက်သတ်အကြည့်တွေ မခံနိုင်ဘူးရယ်။
မ ဆို ချင်တဲ့တေး
မချိုလွင်တဲ့ အရေးတွေ
နှစ်ကိုယ်ကြင်ခဲ့ အဝေးက
ဇာတ်လမ်း
တွေးသမျှတော့ တစ်ပတ်နွမ်းခဲ့ပြီပဲ။
ချစ် မိုး
လည်း မဆွေ
ချစ်ကြိုးလည်း မခွေတော့ပါဘူး
အဖြစ်ဆိုးလည်း ဝေခဲ့ပြီးပြီလေ
။
ဆူး နဲ့
ပန်း
ခူးခဲ့ နမ်းမိမှတော့
မထူးတဲ့ အလွမ်းတွေ သံသရာရှည်ပါစေ
အပြန်တစ်ရာလေ ခံချင်စမ်းပါရဲ့
အမှန်ပင် တမ်းတမိပါသေးတယ်။
မ ဝေး
ချင်လည်း ဝေး
မဆွေးချင်လည်း ဆွေး
မရေးချင်ပဲ ရေးခဲ့ရတဲ့
ဒီကဗျာ
ရီ(ရယ်)စရာ မင်းအတွက်
ဖြစ်နေမလားကွယ်။
‘မောင်’ တဲ့
လား
နှောင်ဖွဲ့မထားပါနဲ့
ခေါ်သံလေးရယ်
အပေါ်ယံလေး အချိုတည်းသလို
ချွဲဆိုတဲ့စကား။
မင်း အ
ချစ်နဲ့ မတန်
အခင်း အပြစ်မဲ့ မာန်တွေ
အရင်းစစ်တော့ ဟန်သာ ကျန်ခဲ့ပါပေါ့
မတန်တစ်ရာအချစ်မှ လှမ်းခဲ့သူကိုး။
အ ခါ မဟုတ်
ပမာသရုပ်လို စေပြန်သည်
နေထန်ထန် ဒီရင်ထဲမှာလေ
အပီအပြင်ကြဲကာ သဒ္ဒါပို
ဆိုးပုံက
ကဗျာကို ချိုးဖဲ့ ရေးခဲ့ပမာ
…
ဝါဆိုမိုးနဲ့ ဝေးတဲ့အခါ
။ ။
ဖိုးစည်
0 ဦး ပြန်ပြောထားသည်:
Post a Comment
↓ မိတ်ဆွေတို့ရဲ့ အမြင်လေးတွေ ပြောပြပေးခဲ့နိုင်ပါတယ် ↓