မသိလိုက်ဘူး
မသိလိုက်ဘူး
အနားမှာလင်း
ငွေလမင်းလေး
ထွန်းဝင်းတောက်ပ
သာနေတာ။
မသိလိုက်ဘူး
လမင်းနဘေး
ကြယ်စင်လေးတွေ
တေးသီကျူးရင့်
ပျော်နေတာ။
မသိလိုက်ဘူး
လရောင်ဖြန့်လင်း
ပန်းတစ်ခင်းလုံး
သင်းသင်းပျံ့ပျံ့
မွှေးနေတာ။
မသိလိုက်ဘူး
လိပ်ပြာပိတုံး
ပျားအမုန်းတွေ
မြှားတစ်ဆုံးလို
စူးနေတာ။
မသိလိုက်ဘူး
တစ်ခါတစ်ရံ
မရှာကြံပဲ
လာမှန်တဲ့မြှား
နက်နေတာ။
သြော်
…
ဖန်လာခံခက်
ဒါဏ်ရာချက်တွေ
သွေးပွက်ပွက်ထ
ထွေးဖက်ညမှာ
ငွေလအရှင်း
ထွန်းရောင်ကင်းလို့
အလင်းမရှိ
မှောင်အတိလည်း
မသိလိုက်ဘူး
။ ။
ဖိုးစည် (4C)
0 ဦး ပြန်ပြောထားသည်:
Post a Comment
↓ မိတ်ဆွေတို့ရဲ့ အမြင်လေးတွေ ပြောပြပေးခဲ့နိုင်ပါတယ် ↓