ကိုယ့် ကွန်ပျူတာက Folder လေးတွေကို အရောင်စုံ ခြယ်ကြရအောင်
မင်္ဂလာပါ သူငယ်ချင်းတို့ရေ …
အောင်အေးချမ်း Post မတင်တာ အတော်ကြာသွားပြီနော် ..
ဒီကနေ့တော့ ပေါ့ပေါ့ပါးပါး နည်ပညာလေးတစ်ခု တင်ပေးချင်ပါတယ်။ အထူအဆန်း သိပ်မဟုတ်လှပေမယ့် Crazy ဖြစ်ချင်စရာလေးပါ။
သူငယ်ချင်းတို့ရဲ့ ကွန်ပျူတာမှာ Folder အားလုံးဟာ အဝါရောင်လေးတွေ အဖြစ်ပဲ တွေ့မြင်ကြရမှာပါ။ ဒါကို ကျနော်တို့က အမြင်ပဒါသ ဆန်းသစ်သွားအောင် အရောင်စုံလေးတွေ ခြယ်ကြည့်ကြမယ်။
Folder ကို အရောင်စုံ ဘယ်လိုခြယ်မလဲ။ ဒါက ပြဿနာတစ်ခု မဟုတ်ပါဘူး။ Software တစ်ခု သုံးလိုက်ရုံနဲ့ အဆင်ပြေနိုင်ပါတယ်။ Software က အကြီးကြီးလား။ မဟုတ်ပါဘူး။ 1.559 MB ပဲ ရှိပါတယ်။
ဘယ်လိုလဲ စိတ်ဝင်စားကြတယ် မဟုတ်လား။ ဒါဆိုတော့ အောက်မှာ ဒေါင်းလိုက်ကြပေတော့ဗျို့ …
ဒီမှာ ဒေါင်းလိုက်ပါ
ဒေါင်းပြီးပြီ ဘာဆက်လုပ်ရမလဲ။ Install လုပ်ပေါ့။ ပြီးရင် ဘာမှ လုပ်စရာမလိုတော့ဘူး။ ကိုယ် အရောင်ပြောင်းချင်တဲ့ Folder ပေါ်မှာ Right ကလစ် နှိပ်လိုက်ပါ။ ပေါ်လာတဲ့ စာတမ်းတွေထဲက FolderHightlight ဆိုတဲ့ စာတမ်းကို တွေ့ရပါလိမ့်မယ်။ အဲဒီ စာတမ်းပေါ် Mouse ထောက်လိုက်ပါ။
သူငယ်ချင်းတို့ ပြောင်းစေလိုတဲ့ အရောင်လေးတွေ မြင်ရပါလိမ့်မယ်။ နှစ်သက်ရာ အရောင်တစ်ခု ရွေးချယ်လိုက်ပါ။ ဘယ်လိုလဲ အမြင်ဆန်းပြီး လှသွားပြီ မဟုတ်လား။
ကဲ ….. ဒါဆိုရင် နောက်ထပ် နောက်ထပ် စိတ်ကြိုက်သာ လုပ်လိုကြပေတော့ …. ။
( နားပါဦးမည် )
သူငယ်ချင်းများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေ …
အားလုံးရဲ့ ...
အောင်အေးချမ်း